ကံကြမ္မာဆိုးနဲ့ ​ရောဂါသည်​ဘုရင်​​လေး တူတန်​ခမန်

အီဂျစ်ဖာရိုဘုရင်တွေထဲမှာတော့ တူတန်ခမန် ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ရွာစံခဲ့တဲ့ ဘုရင်လေး ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၃၀၀ ကျော်လောက်မှာ သူ နန်းတက်ပါတယ်။ ပြီးတော့ ၁၈ နှစ်အရွယ်မှာ နတ်ရွာစံပါတယ်။ သူနတ်ရွာစံပြီးတဲ့နောက် နှစ်တွေကြာတော့ သူ့ဗိမာန် တည်နေရာလည်း ကွယ်ပျောက်ခဲ့ရပါတယ်။ ဒါကလည်း တစ်မျိုးကောင်းတယ်လို့ ယူဆရမလိုပါ။ ဘာကြောင့်လည်း ဆိုတော့ ဂူဗိမာန်ဖောက်တတ်တဲ့ သူခိုးတွေ ရန်ကနေ သူ့ ရုပ်အလောင်းမမ်မီ နဲ့ ရွှေထည်တွေ အပါအဝင် တန်ဖိုးကြီး ပစ္စည်းတွေ ဘေးကင်းခဲ့ပါတယ်။ အခု ဖော်ပြမယ့် အကြောင်းကတော့ သူ့မမ်မီနဲ့ သမိုင်းတန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်းတွေနဲ့သူ့ ဂူဗိမာန်ကို တွေ့ပြီးတဲ့နောက်မှ လူတွေက သူ့အကြောင်း အပြည့်အဝ သိကြရတာ ဖြစ်ပါတယ်။ သူ့ဗိမာန်ကို ၁၉၂၂ မှာ တွေ့ခဲ့ပါတယ်။

 သူ့ အသက် ၁၀ နှစ် ဒါမှမဟုတ် ၉ နှစ်မှာ နန်းတက်ခဲ့တယ်လို့ ပြောကြပါတယ်။  သူ့ရဲ့ အဖေကတော့ အခီနာတန် (Akhenaten) ဘုရင် ဖြစ်ပြီး စတုတ္ထမြောက် အာမန်ဟိုတပ် (Amenhotep IV) အဖြစ် လူသိများပါတယ်။ သူ့ရဲ့ အမေကတော့ နဖာတီတီ မိဖုရား ဖြစ်ပါတယ်။ ငယ်ငယ်က နာမည်ကတော့ တူတန်ခမန် မဟုတ်ပါဘူး။ တူတန်ခတန် (Tutankhaten) ဖြစ်ပါတယ်။

သူဟာ Nebkheperure နာမည်နဲ့ နန်းတက်ပါတယ်။ သူ့ရဲ့ မိဖုရားကတော့ အစ်မ တစ်ဝမ်းကွဲ တော်စပ်တဲ့  Ankhesenpaaten ပါ။ နောက်ပိုင်းမှာ သူ့မိဖုရားက သူ့ယောကျာင်္းရဲ့ ကိုးကွယ်မှုကို လိုက်ပြီး သူ့နာမည်ကို Ankhesenamun လို့ ပြောင်းခဲ့ပါတယ်။ တူတန်ခတန် ဘုရင်လေး ကိုယ်တိုင်က သူ့နာမည်ကို တူတန်ခတန် ကနေ ရှင်သန်နေတဲံ Amun ရဲ့ ပုံရိပ်လို့ အဓိပ္ပာယ်ရတဲ့ တူတန်ခမန် (Tutankhamun) အဖြစ် ပြောင်းခဲ့တာကိုး။ ဒါကလည်း အကြောင်းရှိပါတယ်။ ဘုရင်လေးဟာ အရင်က သူ့ ဖခင် အာမန်ဟိုတပ် ရဲ့ ကိုးကွယ်မှု ဖြစ်တဲ့ Aten နတ်ဘုရားကို ကိုးကွယ်တာမို့ သူ့နာမည်ကလည်း တူတန်ခတန် ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ Amun နတ်ဘုရားကို ပြောင်းလဲကိုးကွယ်တာမို့ ခတန် ကနေ ခမန် ဆိုပြီး နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာ တစ်ချက်ဟာ ဘုရင်ကလေးဟာ သားသမီး မရရှာပါဘူး။ သူ့မိဖုရားဟာ ကိုယ်ဝန်နှစ်ခါ လွယ်ခဲ့ရပြီး ကိုယ်ဝန် ငါးလ ဒါမှမဟုတ် ခြောက်လ မှာ တစ်ခါ၊ နောက်ကိုယ်ဝန်တစ်ခုက ၉ လ အထိ လွယ်ခဲ့ရပေမယ့် ပျက်ကျသွားတာ ဖြစ်နိုင်တယ်လို့ ၂၀၁၁ ခုနှစ်က ထုတ်ပြန်တဲ့ လေ့လာချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

တူတန်ခတန် နန်းတက်စ ကာလမှာ သူ့အသက်က ဘုရင်တစ်ပါး ဖြစ်ဖို့ အတွက်တော့ သိပ်ကို ငယ်ရွယ်လွန်းပါသေးတယ်။ ပြီးတော့ နိုင်ငံရေး အရလည်း ဒီအသက်အရွယ်ဟာ အမြတ်ထုတ်လို့ ကောင်းပုံပါပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေဟာ သူ့အမေရဲ့ အဖေ လို့ ပြောကြတဲ့ သူ့အဖိုး Ay နဲ့ Ay ရဲ့ သမက်လို့ ယူဆကြတဲ့ ဗိုလ်ချုပ် Horemheb တို့ရဲ့ လက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ ဘာကြောင့် နိုင်ငံရေး အမြတ်ထုတ်လို့ ပြောနိုင်သလဲ ဆိုတော့ တူတန်ခမန် နတ်ရွာစံပြီးတော့ Ay က ဖာရိုဘုရင်ဖြစ်လာသလို သူ့နောက်မှာ ဗိုလ်ချုပ် Horemheb တို့က အစဉ်တိုင်း ဘုရင်ဖြစ်လာကြပါတယ်။

ကိုရီးယားကားလို သုံးသပ်ရမယ် ဆိုရင်တော့ နန်းမွေဆက်ခံမယ့် ကလေးမရအောင် Ay နဲ့ သူ့လူတွေက လုပ်တာလား ဆိုတာလည်း စိတ်ဝင်စားစရာပါ။ (ကိုရီယား ပရိတ်သတ်များ အတွက် :P )

အမှန်တော့ တူတန်ခမန် ဟာ အဲ့ဒီခေတ် ဘုရင်ထုံးတမ်းအရ အစဉ်အတိုင်းမို့ သူ့အဖေ နတ်ရွာစံပြီးနောက် ဘုရင့်သားတော် မင်းသားဘဝကနေ ပြည့်ရှင်မင်းတရားကြီး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ကလေးဟာ ဒေါသထွက်လွယ်တယ် လို့ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတချို့ရှိပါတယ်။ ဒါဟာလည်း အသက် ငယ်လွန်းတဲ့ အတွက် ရာဇမာန် ပြင်းထန်တာ အပြင် ရောဂါချူချာတာကြောင့် ဖြစ်နိုင်ပါတယ်။

 ဘုရင်ကလေးဟာ စီမံကိန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ မြို့တော်ကို Karnak ကနေ Thebes ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ Amun နတ်ဘုရားအတွက် ကျောင်းတော်ဆောက်လုပ်ပါတယ်။ ဘုရင်ကလေး လက်ထက်မှာ အရင်က ပွဲတော်တွေဖြစ်တဲ့ Apis Bull၊ Horemakhet နဲ့ Opet နတ်ဘုရားတို့ရဲ့ ပွဲတော်တွေကို ပြန်လုပ်ခဲ့ပါတယ်။

ဘုရင်ကလေး လက်ထက်မှာ တိုင်းပြည်စီးပွားရေး အားနည်းပါတယ်။ ဒါပေမယ့် တခြား နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ထူထောင်နိုင်ပါတယ်။  ဒါကိုတော့ သူ့ဂူဗိမာန်ထဲက တခြားနိုင်ငံတွေရဲ့ လက်ဆောင်ပစ္စည်းတွေကို ကြည့်ပြီး ပညာရှင်တွေ ဆုံးဖြတ်ကြတာပါ။ သူ့လက်ထက်မှာ Nubians လူမျိုး၊ Asiatics လူမျိုးတွေနဲ့ စစ်ခင်းခဲ့ရတယ်လို့ သူ့လှူခဲ့တဲ့ ဘုရားကျောင်း တစ်ခုမှာ မှတ်တမ်းတင်ထားပါတယ်။ သူ့ရဲ့ ဂူဗိမာန်မှာ တိုက်ပွဲဝင် ဝတ်စုံနဲ့ စစ်ပွဲအတွင်း အသုံးပြုတဲ့ ထိုင်ခုံတို့ကို တွေ့ကြရပါတယ်။ ဒါပေမယ့် ပညာရှင်တွေ့ကတော့ အဲ့ဒီစစ်ပွဲတွေမှာ သူကိုယ်တိုင် မပါခဲ့ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဘုရင်ကလေးဟာ မသန်စွမ်းဖြစ်နေပြီး လမ်းလျှောက်ဖို့ လက်ကိုင်တုတ်ကို အသုံးပြုရလို့ပါ။

တူတန်ခမန် အရပ် ငါးပေနဲ့ ၁၁ က်မ ရှိပါတယ်။ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားမှာ တူတန်ခမန်ရဲ့ မမ်မီကို လေ့လာသုတေပြုခဲ့ပြီး ရလာဒ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီ ရလာဒ်အရ တူတန်ခမန်ဟာ မွေးရာပါ နှာခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေပြီး ခါးရိုးလည်း စောင်းနေတာ ဖြစ်နိုင်တယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်။ နောက် ဘယ်​ဘက် ခြေကျင်ဝတ်မှာလည်း မူမမှန်တာမျိုး တွေ့ရပြီး လမ်းလျှောက်တုတ်ကို ဘုရင်ကလေး အားကိုးရတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘယ်​ဘက် ခြေထောက် ပြင်းပြင်းထန်ထန် ကျိုးထားတာလည်း တွေ့ရပါတယ်။ သူ့ဂူဗိမာန်ထဲမှာ တွေ့ရတဲ့ လမ်းလျှောက်တုတ် အမြောက်အမြားက ဒါကို သက်သေခံနေပါတယ်။

တူတန်ခမန်ရဲ့ နောက်ဆုံးနေ့နဲ့ ပတ်သက်ပြီး မှတ်တမ်း မှတ်ရာ မရှိပါဘူး။ သူ့ DNA ထဲမှာ တွေ့ရတဲ့ သက်သေအရ ငှက်ဖျားကြောင့် သေသလား မတော်တဆ မှုလား ဆိုတာ ဘယ်သူမှ မခန့်နိုင်ခဲ့ပါဘူ။ ဒါပေမယ့် တူတန်ခမန်ရဲ့ ဘယ်​ဘက်ခြေထောက် ပြင်းပြင်းထန်ထန်ကျိုးထားတာက စိတ်ဝင်စားရာ ကောင်းလာပါတယ်။ ရောဂါကြောင့် သေတယ်လို့ ခန့်မှန်းတာ ရှိသလို သူ့ခေါင်းထဲ အရိုးစ တွေ့တဲ့ အတွက် လုပ်ကြံခံရသလား လို့ သံသယ ဝင်တာတွေလည်း ရှိပါတယ်။
အခုထိလည်း ငြင်းနေကြတုန်းပါ . . . .

HtEt AuNg KyAw HtAy

ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု အပိုင်း (၁)

(ကြိုတင်တောင်းပန်ချက်- ဆောင်းပါးရှင် ဆရာမ
 ဒေါ်ခင်မမမျိုး ၏ ဆောင်းပါကို ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် ဆရာမ အနေဖြင့် အခန်းဆက် ရေးသားခဲ့ခြင်း ဖြစ်သော်လည်း ကျန်ရှိ 
အပိုင်းများကို လက်တလော မဖော်ပြနိုင်သေးသည့် အတွက် တောင်းပန်အပ်ပါတယ်။ - Virtual Light)



ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအ၀င်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) ကို ရည်ညွှန်းတာဖြစ်ပါတယ်။ မူလ အီးအီးစီမှာ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ လူဇင်ဘတ်နဲ့ နယ်သာလန်နိုင်ငံတို့ ပါဝင်ခဲ့ပါတယ်။ (၁၉၇၃) ခုနှစ်မှာ ဗြိတိန်၊ ဒိန်းမတ်၊ အိုင်ယာလန်နိုင်ငံတို့ပါဝင်ပြီး၊ အဖွဲ့ဝင် ကိုးနိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၁) ခုနှစ်မှာ ဂရိနိုင်ငံက အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင်လာခဲ့ပြီး၊ ဆယ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၆) ခုနှစ်မှာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်နှစ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၉၅) ခုနှစ်မှာ ဆွီဒင်၊ ဖင်လန်နဲ့ သြစတြီးယားတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၄) ခုနှစ်မှာတော့ အရှေ့ဥရောပမှာ နိုင်ငံဆယ်နိုင်ငံ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၇) ခုနှစ်မှာ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား တို့ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့် ခုနှစ်နိုင်ငံဖြစ်လာခဲ့တာကြောင့် အီးယူရဲ့ နိုင်ငံရေး၊ စီးပွားရေးအခန်းကဏ္ဍကလဲ အတော်ပဲ ကျယ်ပြန့်လာခဲ့ပါတယ်။ ယူဂိုဆလားဗီးယား နိုင်ငံတော် ပြိုကွဲမှု ဖြစ်ပွားစဉ်က အီးယူအမည် မပေါ်ပေါက်သေးပါဘူး။ အီးစီ အမည်နဲ့ပဲ ရပ်တည်ဆဲ ရှိပါသေးတယ်။ ဒီအချိန်ကာလက ယူဂိုဆလားဗီးယားရဲ့ ပြည်တွင်းရေးမှာ အီးစီအနေနဲ့ ပါဝင်ပတ်သက်ခဲ့မှုတွေကို ဒီဆောင်းပါးမှာ ရေးသားတင်ပြပါမယ်။
 
နိုင်ငံတော်ပြိုကွဲမှုစတင်ခြင်း

(၁၉၈၉) မတိုင်ခင်ကာလအထိ ယူဂိုဆလားဗီးယားနိုင်ငံဟာ စစ်အေးတိုက်ပွဲမှာ မပါဝင်သော ကြားနေနိုင်ငံတခုဖြစ်ခဲ့ပါတယ်။ (၁၉၇၀) ကာလတွေကတည်းက အီးစီ (European Community) နဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့်၊ (၁၉၈၉) ခုနှစ်ရောက်မှသာ အီးစီနဲ့ တရားဝင် ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်ရောက်တော့ အီးစီဘက်ကနေ PHARE eligibility စတဲ့ အစီအစဉ်တွေနဲ့ တုန့်ပြန်ခဲ့ပေမယ့်၊ အီးစီရဲ့ သတ်မှတ်ချက်အဆင့်အတန်းတွေကို မမှီနိုင်တဲ့ ဘဲလ်ဂရိတ်အခက်အခဲတွေကြောင့် ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီသတ်မှတ်ချက် အဆင့်အတန်းတွေထဲမှာ ဒီမိုကရေစီပေါ်အခြေခံပြီး ကျင်းပတဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဖယ်ဒရယ် ရွေးကောက်ပွဲဆိုတဲ့ အချက်လဲ ပါဝင်ပါတယ်။ ဒီလိုနဲ့ (၁၉၉၁) ခုနှစ်ရောက်တော့ ဖယ်ဒရယ်ရွေးကောက်ပွဲထွက်ပေါ်လာဖို့ အရေးက ပိုပြီး ခက်ခဲလာပါတယ်။

အဲဒီအချိန်မှာ ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလှည့်ကျ ဖယ်ဒရယ်ဥက္ကဌ ဖြစ်သူက Croat အမျိုးသားဖြစ်တဲ့ Stipe Mesic ဖြစ်ပါတယ်။ သူ့ကို အီးစီရဲ့ကိုယ်စား Jacque Delors က ဖွဲ့စည်းပုံရေးရာ ပြဿနာဖြစ်နေတဲ့အပေါ်မှာ ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် စီးပွားရေး အထောက်အကူုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ကတော့ ဒီလို ကမ်းလှမ်းချက်တွေပေးရတာ အလွန်ပဲ လွယ်ကူလှပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒီအတွက် ဒီနည်းလမ်းကို လက်ခံသဘောတူနိုင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု အခင်းအကျင်းကို ကနဦးတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ယူဂိုဆလားဗီးယားမှာ ဒီလိုနိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်း တည်ဆောက်ထားမှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဒိုင်ယာလော့ခ်နည်းလမ်းကို ဆာဗ့်အမျိုးသားတွေသာမက ခရိုအက်အမျိုးသား အများစုကပါ ကန့်ကွက်ခဲ့ကြပါတယ်။

(၁၉၉၁) ခု၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စလိုဗီနီးယား (Slovenia) က ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားပါတယ်။ တပြိုင်နက်တည်းမှာပဲ ခရိုအေးရှား (Croatia) ကလဲ ခွဲထွက်ဖို့ ပြင်ဆင်ပါတယ်။ အီးစီကတော့ ဒါတွေကို လျစ်လျုရှုထားပြီး အလှည့်ကျ ဥက္ကဌလုပ်တဲ့ ဖဒရေးရှင်း အိုင်ဒီယာကိုပဲ ဆက်ပြီး ပံ့ပိုးပါတယ်။ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းကြဖို့ တွန်းအားပေးပါတယ်။ ဒီလိုအချိန်မှာပဲ (၁၉၉၁) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ရောက်တော့ နိုင်ငံတကာ သဘောထားတွေကို လျစ်လျူရှုပြီး စလိုဗီနီးယားနဲ့ ခရိုအေးရှားတို့က သူတို့ဘာသာ လွတ်လပ်ရေးကြေညာလိုက်ပါတော့တယ်။

ဒါကို တုန့်ပြန်တဲ့အနေနဲ့ ယူဂိုဆလားဗီးယား နိုင်ငံတော် ဖဒရယ်တပ်တွေက ဇွန်လ (၂၇) ရက်နေ့မှာ Ljubljana ကို ၀င်ပါတယ်။ ဖဒရယ်စစ်တပ်တွေက ခရိုအေးရှားကို ၀င်ရောက်ပြီး ဘော့စနီးယား- ဟာဇီဂိုးဗီးနားအထိ ရောက်လာပါတယ်။ အီးစီကလဲ ဒီအခြေအနေတွေ အပေါ်မှာ ချက်ချင်းတုန့်ပြန်ပါတယ်။ အီးစီဘက်ကကြည့်မယ်ဆိုရင် ယူဂိုစလားဗီးယား နိုင်ငံတော်ပြိုကွဲတာက ပထမ ဦးစားပေး အချက် မဟုတ်ပါဘူး။ ပြိုကွဲမှုက ယူဂိုဆလားဗီးယား နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနယ်မြေတွေထဲ မပြန့်ပွားလာရေးက အဓိက ဖြစ်ပါတယ်။ ဒါကြောင့် အီးစီအနေနဲ့က ဒီကိစ္စကို ကနဦး ဦးစားပေးရပါတယ်။ ဒီကိစ္စပြီးမှ သံတမန်နည်းလမ်းများသုံးပြီး အဖြေရှာဖို့ အီးစီက တွန်းအားပေး ပြောကြားပါတယ်။

လူဇင်းဘတ်၊ အီတလီ၊ နယ်သာလန် နိုင်ငံများက သမ္မတဟောင်း၊ သမ္မတသစ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကော်မရှင်တာဝန်ခံများပါဝင်တဲ့ Troika ဆိုတဲ့ အချက်အလက်ရှာဖွေရေး အလည်အပတ်သွားရောက်မှု (fact-finding visit) နည်းလမ်း စတင်ပါတယ်။ နောက်တော့ Troika က ယူဂိုဆလပ် လူထုတပ်မတော် (ဂျေအင်အေ) အနေနဲ့ ခွဲထွက်သွားတဲ့ နယ်မြေတွေကနေ မထွက်ခွာရင် အီးစီက ပံ့ပိုးကူညီနေမှုတွေအားလုံးကို ရပ်တန့်မယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးကြေညာမှုတွေကိုလဲ သုံးလ ရပ်ဆိုင်းထားရမယ်လို့ ဆိုခဲ့ပါတယ်။ စီအက်စ်စီအီး (Conference on security and co-operation in Europe) ရဲ့ အရေးပေါ် အကြံပေး လုပ်ထုံးလုပ်နည်းများကို စတင်အကောင်အထည်ဖော်ပါတယ်။ ဒီလိုသံခင်းတမန်ခင်းလေးတွေကြောင့် အပစ်အခတ်ရပ်စဲမှု ရပ်တန့်ရေး အစီအစဉ်တွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မကြာခင်ပဲ ပြန်ပျက်သွားပါတယ်။

ဇူလိုင်လထဲရောက်တော့ Troika ထဲက နိုင်ငံခြားရေး ၀န်ကြီးတွေလဲ သူတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှု မအောင်မြင်ဘူးဆိုတာ သိမြင်လာကြပါတယ်။ ဒါကြောင့် ဇူလိုင်လ (၅) ရက်နေ့မှာ ယူဂိုဆလားဗီးယားရော၊ ခွဲထွက်ဒေသတွေကိုပါ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့ ရောင်းချတာကို ကန့်ကွက်လိုက်ကြပါတယ်။ ဇူလိုင်လ (၇) ရက်နေ့မှာ Troika's Brioni Agreement ထွက်လာတော့ တစုံတရာအကျိုးများ ထူးလာလေမလားလို့ လူအများက စောင့်မျှော်ကြပါတယ်။ ဒါပေမယ့်လဲ ဒီသဘောတူညီချက်က စလိုဗီးနီးယားနဲ့ပဲ အဓိက သက်ဆိုင်တာဖြစ်ပြီး၊ လေ့လာစောင့်ကြည့်ရေးမစ်ရှင် ဖွဲ့ဖို့ လိုအပ်ချက်ဖြစ်လာပါတယ်။

အီးစီမှာကလဲ တရားဝင်စစ်တပ်နဲ့ လုံခြုံရေး ဖွဲ့စည်းပုံ (security structures) မရှိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် Maastricht Summit ကလဲ ဒီဇင်ဘာမှ စမှာ ဖြစ်ပါတယ်။ နောက်တချက်က ပြဿနာအရပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတာ ဖြစ်တဲ့အတွက် သံတမန်နည်းလမ်း မဟုတ်တဲ့ တခြား ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်မယ်ဆိုရင်လဲ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ တရားဥပေဒေကို ဖယ်ရှားပစ်ရာ ရောက်တာကြောင့် နိုင်ငံတကာဥပေဒေက ခွင့်ပြုထားခြင်း မရှိပါဘူး။

နောက်ဆုံး စလိုဗီးနီးယားမှာ အကြီးအကျယ် စစ်ပွဲတွေ ဖြစ်နေချိန်အထိ အီးစီကတော့ ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲရေး ကိုပဲ တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလို့ မပြိုကွဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဖယ်ဒရယ်စစ်တပ်ကို ထောက်ခံအားပေးလားဆိုတော့လဲ အားမပေးပြန်ပါဘူး။ အီးစီအနေနဲ့ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ပဲ ဆိုပါတယ်။ Brioni အစည်းအဝေးအပြီးမှ အီးစီ ဥက္ကဌ Jacques Poo က သံတမန်နည်းလမ်းများအောင်မြင်သွားပြီ ဖြစ်တဲ့အတွက် The hour of Europe လို့ တင်စားခဲ့ဖူးပါတယ်။

ဒါပေမယ့်လဲ မကြာခင်မှာလဲ Brioni Accords ကြီးက ပြိုလဲခဲ့တာ ဖြစ်လေတော့ ဒီအပေါ်မှာ အခြေခံထားခဲ့တဲ့ စေ့စပ်ဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာတွေကလဲ အိပ်မက် ပမာပါပဲ။ ဒီ Brioni Accords ကလဲ စလိုဗီးနီးယားအရေးပဲ အာရုံစိုက်ထားခဲ့တာကြောင့် ခရိုအေးရှား အရေးကို ဖြေရှင်းဖို့အတွက်ကျတော့ အသုံးမ၀င်လှပါဘူး။ တပူပေါ်နှစ်ပူ ထပ်ဆင့်လာတာကတော့ ဘော့စနီးယားနဲ့ မက်စီဒိုးနီးယား တို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလဲ ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆိုလာကြပြန်ပါတယ်။

(၁၉၉၁) ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့မှာ လန်ဒန်မှာ WEU (Western European Union) အစည်းအဝေးလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြင်သစ်က ဦးဆောင်ပြီး ဆာဗ့်နဲ့ခရိုအက်တွေကြားက ပြဿနာကို စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ဖြေရှင်းခြင်း (military intervention) ပြုလုပ်ဖို့ အဆိုတင်သွင်းပါတယ်။

ဒီအဆိုကို ဘယ်လဂျီယန်နဲ့ အီတလီက ထောက်ခံခဲ့ပြီး၊ ဒိန်းမတ်နဲ့ ပေါ်တူဂီကတော့ တက်တက်ကြွကြွ ထောက်ခံခြင်း မရှိခဲ့ပါဘူး။ ဗြိတိန်ကတော့ လိုအပ်မယ့် စစ်အင်အားနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။ လူမျိုးရေး၊ နိုင်ငံခွဲထွက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတွင်းမှာတင် ပြဿနာတွေကလဲ ရှိနေလေတော့ ပါဝင်ပတ်သက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဂျာမဏီကလဲ ဂျာမဏီရဲ့ အခြေခံဥပေဒေ (Grundgesetz) ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ နယ်မြေပြင်ပမှာ စစ်အင်အားသုံးဖို့အတွက် လိုအပ်မယ့် စစ်ရေးရာတွေကို အကြောင်းပြခဲ့ပါတယ်။

ဒီတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ယူဂိုဆလားဗီးယား ပြိုကွဲမှုကို တုန့်ပြန်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အီးစီအတွင်းမှာတင် သဘောထားကွဲလွဲမှုတွေက အများကြီး ဖြစ်နေပါတယ်။ ဒီလိုနဲ့ စက်တင်ဘာ (၁၂) ရက်ရောက်တော့ ဖော့လင်းစစ်ပွဲမှာတုန်းက နှုတ်ထွက်ခဲ့ဖူးတဲ့ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဟောင်း Lord Carrington က ဥက္ကဌ အနေနဲ့ ဦးဆောင်တဲ့ ယူဂိုဆလားဗီးယားရေးရာ နိုင်ငံတကာ ကွန်ဖရင့်တခု Hague မှာ ထွက်ပေါ်လာပါတယ်။ ဒီကွန်ဖရင့် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ မက်ဆီဒိုနီးယားက ဖယ်ဒရေးရှင်းနဲ့ အနည်းငယ်သာ ဆက်စပ်မှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်မှုကို လက်ခံမယ်လို့ အဆိုပြုခဲ့ပါတယ်။ ခရိုအေးရှားကို ယူဂိုဆလားဗီးယား ဖယ်ဒရယ် စစ်တပ်က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ယူဂိုဆလားဗီးယားကို ကမ္ဘာ့ကုလသမဂ္ဂက arms embargo ပြုလုပ်ပါတယ်။

Carrington ရဲ့ တန်းတူညီမျှခွင့်၊ လူမျိုးရေး အခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့် စတာတွေအပေါ်မှာ အခြေခံပြီး ယူဂိုဆလားဗီးယားအတွက် Confederal arrangements တွေ ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီစီမံချက်မှာ နိုင်ငံတော်နယ်နိမိတ် ယခင်အတိုင်း ရှိရေး ဆိုတဲ့ အချက်ပါတဲ့အတွက် ပြဿနာ ပြေလည်ခြင်း မရှိခဲ့ပါဘူး။ ဆာဗီးယားကို ငြိမ်းချမ်းရေးစီမံချက်ကို လက်ခံဖို့ အီးစီက တိုက်တွန်းခဲ့ပြီး၊ လက်မခံခဲ့ရင် တခြားပူးပေါင်းဆောင်ရွက်တဲ့ နယ်မြေဒေသတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုခဲ့ပါတယ်။

နိုဝင်ဘာ (၈) ရက်ရောက်တော့ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်း တခုလုံးရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို အီးစီက withdraw လုပ်လိုက်ပါတယ်။ Hague က ချမှတ်တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ပါ သတ်မှတ်ချက်၊ အခြေအနေတွေကို လက်ခံတဲ့ federal entity တွေကိုပဲ ပြန်လည်ထောက်ပံ့မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအရေးယူမှုဟာ ဆားဗီးယားကို ဦးတည်တာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစီမံချက်ကို ဆားဗီးယားက ငြင်းဆိုခဲ့ပါတယ်။ အီးစီဟာ ဘက်လိုက်ဖြေရှင်းနေမှုတွေ ရှိတယ်ဆိုတဲ့ အမြင်တွေ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်းနဲ့ ခွဲထွက်နယ်မြေထဲမှာ ရှိလာတာကြောင့် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းမယ့် အစီအစဉ်ကို ရှာဖွေလာကြတယ်။

ဒီအခါမှာ အီးစီလဲ ယူဂိုဆလားဗီးယားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စင်ပေါ်မှာ secondary actor နေရာကို ရောက်သွားခဲ့တယ်။ ဒီလို အခြေအနေတွေ ကြားမှာ ယူအင်မ၀င်လာခင် စင်ပေါ်တက်လာ တာကတော့ ဂျာမဏီနိုင်ငံပဲ ဖြစ်ပါတော့တယ်။ အီးစီက ခေါ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမှုတွေ၊ ခရိုအေးရှားနဲ့ စလိုဗီးနီးယား ဒေသတွေရဲ့ လွတ်လပ်ရေးကြေညာထားမှုကလဲ de facto ဖြစ်လာတဲ့ အခြေအနေတွေမှာ ဂျာမဏီရဲ့ နိုင်ငံရေးကစားကွက် စတင်ဝင်ရောက်လာပါတယ်။

မြန်မာပြည်အတွက် မဟုတ်သော မာလာလာထံ ပေးစာ

အရင်က ချစ်ခဲ့ရပါတဲ့ ညီမလေး မာလာလာရေ . . . 
အစ်ကိုဟာ ညီမလေးကို လေးစားသူပါ။ ဒါပေမယ့် ညီမလေးရဲ့ တောင်းဆိုမှုကြောင့် ညီမလေးအပေါ် အစ်ကို အထင်သေးခဲ့ရတယ်ကွယ်။ 

ညီမလေး တောင်းဆိုတဲ့ အထဲ ပါတဲ့ ညီလေးက ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီတွေကို အကြမ်းဖက်မှု ရပ်လို့ ညီမလေး ပြောတယ်နော်။ ဒါဖြင့် အစ်ကိုတို့ တိုင်းရင်းသားတွေကို ဘယ်သူက စပြီး အကြမ်းဖက်တာလည်း ညီမလေး။ အစ်ကိုတို့ကို အကြမ်းဖက်တာကို အစ်ကိုတို့က လူ့အခွင့်အရေးအရ ငြိမ်နေရမှာလား ညီမလေးရယ်။ ဟမ္မူရာဘီ ဥပဒေကို အစ်ကိုတို့ မလိုချင်ပါဘူး။ ဒါပေမယ့် ခေါင်းလာပုတ်တာကို ပုတ်တဲ့သူရဲ့ နောက်လက်တစ်ဖက်ကိုပါ အစ်ကို့တို့ ခေါ်ပေါ် တင်ပေးထားရမှာလား ညီမလေး။ 

ခိုးဝင်တယ် ဆိုတဲ့ စကားလုံးကို ညီမလေးလည်း သိမှာပါ။ အစ်ကိုတို့ နိုင်ငံကို ခိုးဝင်လာတဲ့ တခြားနိုင်ငံက လူတွေ၊ တနည်း ငှက်တိုင်းစွန့်တဲ့ ချေးကို အစ်ကိုတို့ ခေါင်းပေါ် တင်ထားရမှာလား။ အစ်ကိုတို့မှာ ခန္တီပါရမီ မပါဘူးကွယ်။ 


ညီမလေးက ထပ်တောင်းဆိုတယ်နော်။ အစ်ကိုတို့က ခိုးဝင်လို့ ပြောနေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား ပေးဖို့ ထပ်တောင်းဆိုတယ် မဟုတ်လား။ ညီမလေးရေ။ အစ်ကိုတို့ ဟာ ကိုယ့်အိမ်က မဟုတ်တဲ့ မိသားစုဝင်ကို အိမ်ပေါ် အတင်းခေါ်တင်ရမှာလားကွယ်။ ညီမလေးတို့ နိုင်ငံမှာကောနိုင်ငံသား မဟုတ်တဲ့သူကို နိုင်ငံသား ပေးသလား ကွယ်။ 


အို နိုဘယ်ဆုရှင်လေးရေ။ ညီမလေးဟာ အင်မတန် စိတ်ဓာတ်ပြင်းထန်သူပါ။ ဒါပေမယ့် ညီမလေး ရေလိုက်လွဲနေတယ်လို့ အစ်ကို ပြောရင် နိုင်ငံတကာက ရှုတ်ချကြလိမ့်မယ် ထင်ပါရဲ့။ ဒါပေမယ့် ဒါဟာ မြန်မာ့မြေ ဖြစ်သလို မြေပြင် အခြေအနေကိုလည်း ညီမလေးတို့ မသိကြပါဘူး ကွယ် . .။ ထပ်ပြီး ပြောရရင် ညီမလေးဟာ စိတ်လိုလက်ရများ အလိမ်ခံခဲ့သလားလို့ အစ်ကို စောဒက တက်ချင်မိတယ်။



ထက်အောင်ဖြိုး 
(ထက်အောင်ဖြိုးသည် Virtual Light ကို တည်ထောင်သူ တစ်ဦးဖြစ်သည်။)


အသက် ၃၂ နှစ်အရွယ် စစ်မင်းကြီးတစ်ဦး၏ ဘဝခရီး (အပိုင်း - ၂)

(Virtual Light တွင် အခန်းဆက် ဖော်ပြပေးနေသော စစ်မင်းကြီး မဟာဗန္ဓုလအကြောင်း ဖြစ်ပါသည်။ သူ ကျင်လည်ခဲ့ရာ စစ်မြေပြင်နှင့် နိုင်ငံရေး အခြေအနေများကို လေ့လာမိသရွေ့ ထည့်သွင်းဖော်ပြပေးပါသည်။)

ဘိုးတော်ဘုရားမင်း နတ်ရွာစံတဲ့ အခါ နောင်မှာ ဘကြီးတော်မင်း လို့ ကျွန်တော်တို့ ခေါ်တွင်မယ် အိမ်ရှေ့စံ စစ်ကိုင်း မင်းသား နန်းတက်ပါတယ်။ ဘကြီးတော်မင်း လက်ထက်တော်မှာတော့ မောင်ရစ်ဟာ ကျွန်တော်တို့ သိတဲ့သူ ဖြစ်လာပါပြီ။ အဲ့ဒါကတော့ ဘုရင်က ဗန္ဓုလ ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

ဘကြီးတော်မင်း လက်ထက် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲကြီး စတင် ဖြစ်ပွားပါတယ်။ အမှန်တော့ ဘကြီးတော်မင်း ထီးနန်းဆက်ခံရချိန် မြန်မာပြည်ဟာ စစ်ပန်းနေပါတယ်။ ဘိုးတော်ဘုရား လက်ထက်မှာ ယိုးဒယားကို စစ်ခင်းခဲ့တဲ့ အရှိန်တွေကြောင့် မြန်မာပြည်ဟာ အဆိုးရွားဆုံး မဟုတ်ပေမယ့် ရှိရင်းစွဲထက် နိမ့်ကျတဲ့ အနေအထား ဖြစ်နေပါပြီ။

ဗန္ဓုလ ရင်ဆိုင်ရသည့် စစ်ရေး အခြေအနေ


နောက် အိန္ဒိယ မှာ သိမ်းရင်း မြန်မာနဲ့ နီးစပ်လာတဲ့ အင်္ဂလိပ်ဟာ ဘိုးတော်ဘုရား လက်ထက်တည်းက စစ်တကောင်းနယ် ကိစ္စမှာ လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ နောက် ဘိုးတော်ဘုရား ခန့်ထားတဲ့ မဏိပူရ စော်ဘွား မာဂျစ်ဆင်း ကလည်း ဘကြီးတော်မင်းရဲ့ နန်းတက်ပွဲကို ရောက်မလာ ခဲ့ပြန်ပါဘူး။ ဒါကို ဘကြီးတော်မင်း က ပုန်ကန်မှုလို့ သတ်မှတ်ပြီး ၁၈၁၉ ခုနှစ် နန်းတက်တဲ့ နှစ်မှာပဲ မဏိပူရ ကို မြန်မာတပ်တွေ လွှတ်လိုက်ပါတယ်။

မာဂျစ်ဆင်းဟာ မြန်မာတပ်တွေ တိုက်တာ မခံနိုင်လို့ ကချာနယ်ထဲ ဝင်ပြေးပါတယ်။ ဖြစ်ချင်တော့ ကချာနယ်က ဗြိတိသျှတွေ ပိုင်တွေ ဆီလဟတ်နယ်နဲ့ ထိစပ်နေပါတယ်။ ကချာနယ်မှာ မာဂျစ်ဆင်းတို့ သောင်းကျန်းကြတော့ ကချာနယ်စား ဂေါဝိန္ဒချန္ဒရာ (Govinda Chandra) က ဗြိတိသျှတွေဆီ အကူအညီတောင်းရပါတယ်။

အမှန်တော့ ဗြိတိသျှတွေက ကချာကို အနှေးနဲ့ အမြန်သိမ်းမှာပါပဲ။ ကချာနယ်ဟာ စစ်တကောင်း ကို ထိန်းဖို့ နယ်မြေကောင်းတစ်ခု ဖြစ်နေပါတယ်။ မြန်မာကလည်း ကြိုတွက်ထားတာမို့ ဆီလဟတ်နဲ့ အာသံ နယ်စပ်မှာ တပ်တွေ တိုးထားနှင့်ပါပြီ။ ကချာနယ် တည်ငြိမ်ရေး အတွက် ထိန်းဖို့ ဗြိတိသျှတွေမှာ တာဝန်ရှိတယ်လို့ သူတို့ ဘက်က အကြောင်းပြသလို မြန်မာတပ်မှူးကိုလည်း ကချာကို မတိုက်ဖို့ ပြောလာပါတယ်။ ကချာနယ်ကိုလည်း သူတို့က သိမ်းပြီး အစောင့်အရှောက်ခံ နယ်မြေ အဖြစ် ကြေငြာပါတယ်။

၁၈၂၃ မှာတော့ မြန်မာတပ်တွေ ကချာနယ်ထဲ ဝင်ပြီး မာဂျစ်ဆင်း တပ်တွေကို တိုက်ပါတယ်။ ကချာနယ်ထဲ ရောက်နှင့်နေပြီ ဖြစ်တဲ့ ဗြိတိသျှနဲ့ မြန်မာတပ်တွေ တိုက်ပွဲ ဖြစ်ကြပါတယ်။ အင်္ဂလိပ်က မြန်မာစစ်တပ်ကို ခံစစ် အနေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

၁၈၂၄ မှာတော့ အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာနဲ့ စစ်ဖြစ်နေပြီလို့ ကြေငြာပါတယ်။ အမှန်တော့ သူတို့ဟာ မြန်မာ ကို မျက်စိကျနေပြီးသားပါ။ သူတို့မှာလည်း အင်အားတောင့်တင်းနေပြီမို့ အခွင့်အခါ ကျလာတဲ့ အခါ တပါတည်း တိုက်တဲ့သဘောပါ။

အဲ့ဒီနောက်တော့ မဏိပူရတို့ အာသံတို့ ပန်းဝါ တို့မှာ နှစ်ဖက်ရင်ဆိုင်စစ်ပွဲကြီးတွေ ဖြစ်ပွားကြပါတော့တယ်။ ဦးဆောင်သူတွေကတော့ ကျွန်တော်တို့က မြဝတီမင်းကြီး ဦးစ လို့ သိကြတဲ့ မင်းကြီးမဟာသီဟ သူရ နဲ့ မဟာဗန္ဓုလ တို့ပဲ ဖြစ်ပါတယ်။

----------------------------------- ဆက်ရန် -----------------------------------------------------

ထက်အောင်ဖြိုး 
(ထက်အောင်ဖြိုးသည် Virtual Light ကို တည်ထောင်သူ တစ်ဦး ဖြစ်သည်။) 

ရိုဟင်ဂျာ၏ ဇာစ်မြစ် - Etymology of Rohingya

(ယခု ဆောင်းပါးကို ဖော်ပြရန် မိမိတို့ အလွန်စိတ်အားထက်သန်ရပါသည်။ ဆရာကြီး ဦးခင်မောင်စော ၏ ရေးသားချက် များသည် ရိုဟင်ဂျာ မရှိကြောင်း ကို အမှန်ပင် ယုတ္တိယုတ္တာဖြင့် ရှင်းပြလျှက် ရှိပါသည်။ ယခု စာစု၏ မူပိုင်မှာ ဆရာကြီး ဦးခင်မောင်စော သာလျှင် ဖြစ်ကြောင်းကိုလည်း အတိအလင်း ဖော်ပြ အပ်ပါသည်) - အယ်ဒီတာ (Virtual Light) 
ဆောင်းပါးရေးသားသူ ဆရာကြီး ဦးခင်မောင်စော - ဘာလင်
Download လုပ်ပြီး ဖတ်ရှု့လိုပါက ယခုနေရာ ကို နှိပ်ပါ။ 
(ဤစာတမ်းမှာ ၁၉၉၃ ခုနှစ်၊ လွန်ခဲ့ သော ၂၄ နှစ်ခန့် ကပင်ရေးသားထားခဲ့ သော စာတမ်းဖြစ်ပါသည်။ ထိုအချိန်ကပင် စာရေးသူသည် ၎င်းရိုဟင်ဂျာဆိုသူများ၏ အကြံမှာ မြန်မာပြည်၏တစိတ်တဒေသ သို့ မဟုတ် ဖြစ်နိုင်ပါက တပြည်လုံးကို သိမ်းပြီး အစ္စလာမ်မစ်နိင်ငံထူထောင်နေချင်ကြကြောင်း အသိပေးထားပြီး၊၎င်းအန္တရာယ် ကို အချိန်မီ ကြိုတင်ကာကွယ်ထားကြရန် ကြိုတင်သတိပေးထားခဲ့ ပါသည်။ ဝါရင့် နိင်ငံရေးသမားကြီး ဘုံပေါက်သာကျော်ကလည်း "ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအန္တရာယ်" ဆိုသောအမည်ဖြင့် စာအုပ်တအုပ်ကို ၁၉၉၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့ ပြီး နဝတ၊ အင် အယ်လ် ဒီ နှင့် တစည အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီအားလုံးသို့ ၎င်းစာအုပ်ကို ပေးပို့ ပြီး၊ ရိုဟင်ဂျာအန္တရာယ်မသေးကြောင်း သတိပေးထားခဲ့ ပါသည်။ သို့ သော် ရခိုင်များမှအပ မည်သည့် နိုင်ငံရေးပါတီကမှ မည်မည်ရရ အလေးပေးလုပ်ဆောင်ခြင်း မရှိခဲ့ ကြပါ။ တချိန်တည်း၌ အသားထဲက လောက်ထွက်ဆိုသကဲ့သို့ မြန်မာစစ်အစိုးရကိုဆန့်ကျင်သူအချို့သည် "ငါနဲ့မတူ ငါ့ရန်သူ။ ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ" ဆိုသောထုံးကို နှလုံးမူပြီး ရိုဟင်ဂျာတွေဘက်က ၀ါဒ၀င်ဖြန့်ပေးကြသည်။ တချို့ အတိုက်အခံ အဖွဲ့အစည်းအချို့သည် အာရပ်နိုင်ငံတွေက ပေးသောပိုက်ဆံကိုယူပြီး ရိုဟင်ဂျာဆိုသူများအတွက် သမိုင်းလိမ်ပြီး ၀ါဒဖြန့် စာစောင်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ရေးသားပေးကြ၏။ ယခု ၂၄နှစ်ကြာသွားပြီးသောအချိန်တွင်မူ ရိုဟင်ဂျာ အန္တရာယ်သည် မြန်မာနိုင်ငံအတွက် မည်မျ ကြီးမားနေကြောင်းကို လူတိုင်းမြင်တွေ့ လာကြရပေပြီ။ ထို့ ကြောင့် လွန်ခဲ့သည့် ၂၄နှစ်၊ ၁၉၉၃ ခုနှစ်က စာရေးသူ ရေးသားထားခဲ့ သော ဤစာတမ်းကို ပြန်လည်ဆန်းစစ်မွမ်းမံပြီးတင်ပြခြင်းဖြစ်ပါကြောင်း)
ယခုအချိန်များတွင် ရိုဟင်ဂျာဆိုသောနံမည်ကို ကြိမ်ဖန်များစွာကြားနေရပါသည်။ နိုင်ငံခြားသားသတင်းစာဆရာဆိုသူများက ၎င်းတို့ အကြောင်းကို အသားပေးရေးသားနေကြပါသည်။ ထိုသူများ၏ရေးသားချက်များတွင် ရခိုင်လူမျိုး၊ ရခိုင်ပြည်၊ နှင့် ရခိုင်သမိုင်းအကြောင်း များကို လုံးဝ ချန်လှပ်ထားပြီး၊ မြန်မာသမိုင်းတွင်ရော နိုင်ငံတကာသမိုင်းတွင်ပါ တခါမျှ မကြားဘူး၊ မတွေ့ဘူး၊မပါ ဘူးသော ရိုဟင်ဂျာဆိုသူများက ရခိုင်ပြည်မြောက်ဦးမင်းဆက်ကို တည်ထောင်ခဲ့ ပါသည်။ မြောက်ဦးမင်းဆက်မှ ဘုရင်များသည် မူဆလင်ဘာသာဝင်များဖြစ်ကြပြီး မြန်မာဘုရင်ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို သိမ်းယူသောအခါ မူဆလင်ဘာသာဝင် ရိုဟင်ဂျာတို့ ကို မောင်းထုတ်လိုက်ပြီး၊ ဗုဒ္ဒဘာသာဝင် မာဃ (ဝါ) မဃ် (Magh/Mogg) လူမျိုးများကို ရခိုင်ပြည်တွင်နေထိုင် စေ သည်။ ယခုလက်ရှိရခိုင်ဆိုသူများမှာ ၎င်းမာဃ (ဝါ) မဃ် (Magh/Mogg) လူမျိုးများနှင့်ဘိုးတော်ဘုရား၏ ဗမာစစ်သားများမှ ဆင်းသက်ပေါက်ဖွားလာသော မျိုးမစစ်ကပြားများဖြစ်သည်။ ယခုမြန်မာပြည်၏ စစ်အစိုးရသည်လည်း ဘိုးတော်ဘုရားလုပ်သည့် ပုံစံအတိုင်း ရိုဟင်ဂျာမူဆလင်များကို မောင်းထုတ်နေပြန်ပြီ။ ထိုေ့ကြာင့် ရခိုင်ပြည်၏ မူလတိုင်းရင်းသားအစစ်ဖြစ်သော ရိုဟင်ဂျာများ၏ဘဝမှာ ပါလက်စတိုင်းလူမျိုးများ၏ ကံကြမ္မာကဲ့ သို့ သနားစရာဖြစ်နေရပါသည် စသဖြင့် သမိုင်းလိမ်များကို လက်ရဲ ဇက်ရဲ ရေးသားလာကြပါသည်။
ထိုသတင်းစာ ဆရာများ၏ အာဘော်သက်သက်ကိုသာ ဖတ်ရှုရပြီး သူခိုးက လူလူ ဟစ်နေသည့် ဇာတ်လမ်းနှင့် သမိုင်းကြောင်းအမှန်ကို မသိသော ကမ္ဘာ စာဖတ်ပရိသတ် အချို့ မှာ ၎င်း ရိုဟင်ဂျာဆိုသူများ၏ထောင်ချောက် မိကုန်ကြပါတော့သည်။ မြန်မာပြည်ကို ပွဲလန့် တုန်း ဖျာဝင်ခင်းချင်သည့် ၎င်းတို့ ၏ ယုတ်မာသောအကြံအစည်နှင့် လုပ်ဇာတ်များကို သိသူအလွန်နည်းပါးကြောင်း တွေ့ ရှိခဲ့ ရပါသည်။ ဇာတ်ကြောင်းမှန်ကို သိသူ အနည်းငယ်နှင့် သမိုင်းသုတေသီတို့ က ဖြစ်ရပ်အမှန်ကို ရှင်းပြချင်သော်လည်း၊ "ကျား ကျား မီးယပ်" အလုပ်ခံရပါသည်။ ထိုကြောင့် စာရေးသူသည် ၁၉၉၃ ခုနှစ်မေလအတွင်းက ဘာလင်မြို့ Humboldt တက္ကသိုလ် ကဦးစီးကျင်းပခဲ့ သောမြန်မာရေးရာစာတမ်းတင်ပွဲတွင်၊ ("On the Evolution of 'Rohingya' Problems in the Rakhine State) "ရိုဟင်ဂျာ ဆိုသောအမည်ပေါ်ပေါက်လာပုံ" အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာတမ်းကို တင်ခဲ့ ပါသည်။ သုတေသီများကြားတွင် အောင်မြင်မှု ရသောလည်း မြန်မာစစ်အစိုးရကို မကြိုက်ဘဲ မျက်မှန်အနက်တပ်၍ကြည့် နေသောသူများ၏မျက်စိတွင်မူ အကောင်းမြင်မည်မဟုတ်ပါ။
၎င်းစာတမ်းပါ သုတေသနပြုထားသောအချက်အလက်အချို့ ကို ယခုမြန်မာဘာသာဖြင့် ရေးသားတင်ပြပါမည်။
ရိုဟင်ဂျာဆိုသောအမည်ကို ၁၉၅၀ခုနှစ်များ မတိုင်မှီက မည်သူမျှ မကြားဘူးပါ။ မည်သည့် သမိုင်းစာအုပ်တွင်မျှ မပါဘူးပါ။ ကိုလိုနီခေတ်က ရေးသားထားခဲ့ သော စာအုပ်စာတမ်း၊ ဂေဇက်တီးယားများတွင်လည်း မတွေ့ ရပါ။ မောရစ်ကောလစ် အစရှိသော ရခိုင်အကြောင်း စာအုပ်များစွာရေးသားခဲ့ သော၊ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်စာတမ်းများတွင်လည်း၊၎င်း နာမည်နှင့်ဆင်တူယိုးမှားသော်မျှ မပါပါ။ မြန်မာပြည်လွတ်လပ်ရေးရခါစက ရောင်စုံသူပုန်တို့ ပေါ်ပေါက်လာရာတွင် ရခိုင်ပြည်မြောက်ပိုင်းကို မြန်မာပြည်မှခွဲထုတ်ပြီး၊ မူဆလင်နိုင်ငံလုပ်လို သော ခေါတောကုလားများ၏ မူဂျာဟစ်ဆိုသောသူပုန်အဖွဲ့ တဖွဲ့ လည်း ပါခဲ့ ပါသည်။ ၎င်းခေါတောကုလား အများစုမှာ အရှေ့ဘင်္ဂလားနယ်မှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသူ တယူသန်မူဆလင်များဖြစ်ပြီး၊ ၎င်းတို့ ကို ကာဆင်ဆိုသူက ခေါင်းဆောင်ပါသည်။ အရှေ့ ပါကစ္စတန်က ၎င်းတို့ ကို နည်းအမျိုးမျိုးဖြင့် ကူညီပါသည်။ ဥပမာပြရလျှင် မြန်မာဘက်ကတိုက်လိုက်လျှင် နယ်စပ်ကျော်ပြီး ထွက်ပြေးသဖြင့် ဖမ်း၍မရ။ ပါကစ္စတန်အစိုးရကို ဖမ်းပေးရန်ပြောလည်း ဖမ်းမပေး။ နောက်ဆုံး မူဂျာဟစ်သူပုန်ခေါင်းဆောင် ကာဆင်သည် ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့မှာ ရှိနေသည်ကို ဗမာအစိုးရက ဓာတ်ပုံအထောက်အထား အခိုင်အလုံနှင့် တင်ပြပြီး တောင်းဆိုသော်လည်း ပါကစ္စတန်အစိုးရက ကာဆင်ကို သူတို့အကျယ်ချုပ် ချထားပါသည်ဟုသာ အကြောင်းပြန်ခဲ့ပါသည်။ တချိန်တည်း၌ အရှေ့ပါကစ္စတန်က တရားမ၀င်ခိုးဝင်သူတွေသည်လည်း ရခိုင်တိုင်းတွင်းသို့ နည်းအမျိုးမျိုးနှင့် ရောက်ရှိလာပါသည်။ ၎င်းမူဂျာဟစ်တို့ မှာ ဗမာတပ်မတော်ခေါင်းဆောင်သော မြန်မာလက်နက်ကိုင်တပ်ပေါင်းစု တို့ ၏တိုက်စစ်ကို မခံနိုင်တော့ဘဲ ၁၉၅၂ ခုနှစ်မှစပြီး တဖွဲ့ ပြီးတဖွဲ့ လက်နက်ချခဲ့ ကြရာ ၁၉၆၀ ခုနှစ်တွင် နောက်ဆုံး ကျန်ရစ်ခဲ့ သော ကုလားဆိုးများလက်နက်ချရပြီး၊ မူဂျာဟစ်သူပုန်ချုပ်ငြီမ်းသွားပါသည်။ သို့ သော် ၎င်းတို့ က ခေါတောကုလား၊ ဘင်္ဂလီကုလား၊ စသောအခေါ်အဝေါ် တို့ ကို မကြိုက်၍ ရိုဟင်ဂျာဟူသောအမည်သစ်ကို မိမိတို့ ဘာသာမိမိတို့  ကင်ပွန်းတပ်ကြပါသည်။ သို့ ရာတွင်မြန်မာတိုင်းရင်းသားစာရင်းမထည့် မဖြစ် ထည့် ရလေရန် "ကုလားဖန်ထိုး" ထားသော ဇာတ်လမ်းအချို့ ရှိနေပါသည်။ အများသိစေရန် ၎င်းသမိုင်းလိမ်များကို ဖေါ်ပြပါမည်။
ပါးစပ်ရာဇဝင်လုပ်ထားသောဇာတ်လမ်းအချို့ မှာ
ပထမဇာတ်လမ်း။
------------
၎င်းတို့သည် ရှစ်ရာစုတွင်းက သင်္ဘောပျက်ရာမှ ရောက်ရှိလာသော အာရပ်လူမျိုးများဖြစ်သည်။ ရခိုင်ဘုရင်ထံတွင် အမှုထမ်းရာ၌ အလွန်ရဲစွမ်းသတ္တိနှင့်ပြည့် စုံသဖြင့်၊ ရခိုင်များက၎င်းတို့ ကို ရွာဟောင်းက ကျား ဟုခေါ်သည်။ ရ ခိုင်သံဖြင့် (Rwahaung Ga Kyar) ကလာသည်ဟူ၏။ လုံးဝ ယုတ္တိမရှိပါချေ။ အတင်းမြန်မာမှု ပြုထားခြင်းသာဖြစ်ပါသည်။ မြန်မာနှင့် ရခိုင်စကားပုံတို့ တွင် " သေချင်တဲ့ကျားတောပြောင်းတယ်" ဟူ၍သာရှိပါသည်။ ရွာဟောင်းက ကျား ရွာသစ်လာလျှင်သေဖို့ ဘဲရှိပါလိမ့်မည်။ ကြည့် မြင်တိုင်ကို (Come and dine) ) ၊ ပုဇွန်ထောင်ကို (Push him down ) တို့ မှ ဆင်းသက်ဖြစ်ပေါ်လာသည်ဆိုသော"မဟာပျင်ငြာယှိ ဂျီး" ၏အတွေးအခေါ်မျိုးသာဖြစ်ပါ သည်။ ထို့ ကြောင့် ၎င်းတို့ ၏ အာရပ်သင်္ဘောပျက်ဇာတ်လမ်းကို "သင်္ဘောသား ဆင်းဘတ်" (Sindbad the Sailor) ၏ သင်္ဘောပျက်ဇာတ်လမ်းထဲတွင် တခုတိုးလာသော ဇာတ်လမ်းတခုဟုသာယူဆကြပါ။ "တထောင့်တညပသီပုံပြင်"ဆိုသည်ကို မြန်မာများကြားဘူးကြပါလိမ့် မည်။ ၎င်းတို့ ၏ "ရိုဟင်ဂျာပုံပြင်"ကိုလည်း တတောင့်တညတွင့်တခုထပ်တိုး၍ "တထောင်နှစ်ည ပသီပုံပြင်" ဟုသာသဘောထားပါ။
ဒုတိယဇာတ်လမ်း။
--------------
တခါကမဂိုအင်ပါရာမှ ပသီမင်းသားတပါးသည် စစ်ရှုံး၍ နောက်လိုက်နောက်ပါများနှင့်အတူ ရခိုင်ပြည်သို့ ထွက်ပြေးလာခဲ့ကြပြီး၊ ရခိုင်ဘုရင်ထံတွင် ခိုလှုံနေခဲ့ကြရသည်ဟူသတတ်။ ၎င်းမင်းသား၏အမည်မှာ မိုဟာမက်ရာဟင်ဖြစ်သဖြင့် ၎င်းတို့ မှဆင်းသက်လာသူများကို "ရာဟင်ကျ" ၊ ၎င်းမှကာလရွေလျောလာသောကြောင့် ရိုဟင်ဂျာဖြစ်လာသည် ဟူသတည်း။
၎င်းဇာတ်လမ်းမှာလည်း သမိုင်းကြောင်းနှင့်မကိုက်ညီပါ။ "လံကြုပ်" ဇာတ်လမ်းသာဖြစ်ပါသည်။ သမိုင်းကြောင်းအရသော်ကား၊ ခရစ်သက္ကရာဇ် ၁၆၆၁ ခုနှစ်တွင် မဂိုအင်ပါယာ၌ နန်းလုပွဲဖြစ်ပွါးရာ ညီတော် သြရန်ဇစ် အနိုင်ရပြီး နောင်တော်ဘင်္ဂလားစား ရှာရူဂျာ ရှုံးနိမ့် ကာ ရခိုင်ပြည်၌လာရောက်ခိုလှုံ ရသည်။ အစတွင် ရခိုင်ဘုရင် မြောက်ဦးရွှေနန်းရှင် စန္ဒ္ဒသုဓမ္မ က ကြည်ဖြူစွာလက်ခံထားပါသည်။ သို့ သော်နောက်၎ နှစ်ခန့် အကြာတွင် ရခိုင်ဘုရင်က မဂိုမင်းသား၏သမီးတော်တပါးဖြစ်သော အမီနာ ကို တော်ကောက်ရန်တောင်းဆိုရာတွင် ရှာရူဂျာက မချေမငံငြင်းဆန်လိုက်သဖြင့် မဂိုအားလုံးမှာ အကျယ်ချုပ်ချထားခြင်းခံရသည်။ ထိုအခါ မဂိုတို့ သည် ရခိုင်ဘုရင်၏ ကြေးစားစစ်သားများဖြစ်သော ကမန်များကို မူဆလင်ခြင်းဖြစ်၍စည်းရုံးပြီး၊ မြောက်ဦးနန်းတော်ကို မီးတိုက်ခါ ပုန်ကန်ရန်ကြံသဖြင့်၊ မဂိုအားလုံးမှာ သုတ်သင်သတ်ဖြတ်ခြင်းခံရလေတော့သည်။ ကမန်များသည်လည်း တောင်ဘက် ရမ်းဗြဲကျွန်းနှင့် သံတွဲ ခရိုင်တို့ ဘက်သို့ ထွက်ပြေးရလေတော့သည်။ ၎င်း ရန်မီးပွါးကြောင့် ရခိုင်ဘုရင်မှာ မဂိုအင်ပါယာနှင့်စစ်ဖြစ်ရပြီး ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းနယ်ကို လက်လွှတ်လိုက်ရလေတော့သည်။ ထိုအခါမှစ၍ စစ်တကောင်းနယ်မှာကုလားပိုင်နယ်ဖြစ်သွားပြီး
၎င်းသမိုင်းကြောင်းပါကိစ္စကို စာပေနိုဘယ်ဆုရ ကမ္ဘာကျော်ဘင်္ဂလီစာဆိုတော်ကြီး ရာဘင်ဒရာနတ်တဂိုး က ပြုပြင်ဇာတ်လမ်းဆင်ပြီး "ရခိုင်မိဘုရား" အမည်ဖြင့် ဝတ္တုရေးခဲ့ ဘူးပါသည်။ ၎င်းဝတ္တုကို အင်္ဂလိပ်စာရေးဆရာ ဂျော့ ကယ်ဒါရွန် (George Calderon) က ပြဇာတ်အဖြစ် တင်ဆက်ဘူးပါသည်။ သံတွဲသားစာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ( ခေါ်) ဦးတင်အောင်ကလည်း ၎င်းပြဇာတ်ကို မြန်မာဘာသာပြန်ပြီး တဂိုး၏ဇာတ်လမ်းမှာ သမိုင်းပါအချက်အလက်များနှင့်မကိုက်ညီကြောင်း ၊ အသတ်ခံရသည့် အလွမ်းဇာတ်သိမ်းခန်းမဟုတ်ဘဲ မင်းသားနှင့်မင်းသမီး နှစ်ဦး ညားကြလေသတည်း ဖြင့်သာဇာတ်သိမ်းထားကြောင်းကို ဘာသာပြန်သူ ဦးတင်အောင်ကထောက်ပြထားပါသည်။ အကျယ်ကို ငွေတာရီမဂ္ဂဇင်း အမှတ် ၁၁၉ ။ ၁၉၇၀ ခုနှစ်မေလထုတ်တွင် ဖတ်ရှုနိုင်ပါသည်။
တက္ကသိုလ်နန္ဒမိတ်က ရခိုင်ဘုရင်၏အမည်ကို ငကုသ ဟုဖေါ်ပြထားပါသည်။ အမှန်မှာစန္ဒ္ဒ္ဒသုဓမ္မဖြစ်ပါသည်။ ငကုသနန်းစံနှစ်နှင့် ပသီမင်းသားရောက်သည့် နှစ် မကိုက်ညီပါ။ စန္ဒ္ဒ္ဒ္ဒသုဓမ္မနန်းစံနှစ်နှင့်သာ ကိုက်ညီပါသည်။ ငကုသမှာ ရခိုင်ရာဇဝင်ကျမ်းတိုင်း၌ မင်းဆိုးမင်းညစ်အဖြစ်ဖေါ်ပြလေ့ ရှိသဖြင့် တက္ကသိုလ်နန္ဒမိတ် မှားယွင်းသွားဟန်ရှိပါသည်။ မည်သို့ ပင်ဖြစ်စေ ၎င်းဇာတ်လမ်းမှာလည်း ရိုဟင်ဂျာထိုးဇာတ်နှင့် မည်သို့ မျှ မသက်ဆိုင်နိုင်ပါ။
ပထမ အချက်မှာ မင်းသား၏အမည်မှာ "ရှာရူဂျာ" ဖြစ်ပြီး၊ "ရာဟင်" မဟုတ်ကြောင်း သမိုင်းတွင် အတိအလင်းပါပါသည်။ ဒုတိယအချက်မှာ မဂိုအားလုံးသည် ရခိုင်ဘုရင်၏သုတ်သင်ခြင်းကို ခံလိုက်ရသဖြင့် မျိုးဆက်မကျန်နိုင် တော့ပါ။ အကြောင်းအမျိုးမျိုးကြောင့် အဆက်အနွယ်တချို့ ကျန်နေခဲ့ ပါလျှင်လည်း မဂိုရုပ်နှင့် အသားဖြူသူများသာ ဖြစ်ရပါမည်။ ယခုကဲ့ သို့ ခေါတောရုပ်နှင့်ဘင်္ဂလီစစ်တကောင်းစကား ပြောနေသူများတော့မဖြစ်နိုင်ပါ။ ထို့ ကြောင့်ဒုတိယဇာတ်လမ်းမှာ သမိုင်းကြောင်းမှ အတင်းဆွဲယူထားသည့် လုပ်ဇာတ် ဆိုပါက မှားမည်မထင်ပါ။
တတိယဇာတ်လမ်း။
-------------
ပထမဇာတ်လမ်းကဲ့ သို့ ပင် ရှစ်ရာစုတွင်းက အာရပ်သင်္ဘောပျက်ဇာတ်လမ်းဖြစ်သည်။ ရိုဝန်ညှာ (Rowennya) ဆိုသော စကားမှဆင်းသက်လာသည်ဟု၏။ ပထမဇာတ်လမ်းကဲ့ သို့ ပင်ယူဆရမည်ဖြစ်ပါသည်။ အခြေအမြစ်အထောက်အထားမရှိပါ။
စတုတ္ထဇာတ်လမ်း။
--------------------
မြောက်ဦး ခေတ်ရခိုင်ပြည်၏ သြဇာခံ မူဆလင်နိုင်ငံတခုရှိခဲ့ သည်။ ၎င်းပြည်ကို ရုံပြည် ရခိုင်သံဖြင့် (Roang) ခေါ်သည်။ ထိုနိုင်ငံမှမင်းသားတပါးနှင့် နောက်လိုက်နောက်ပါများရခိုင်ပြည်တွင်လာရောက်ခစားနေထိုင်သည်။ ၎င်းတို့ ကို "ရုံအင်ကျ" ဟုခေါ်ခဲ့ရာမှ ကာလရွေ့ လျော၍ "ရိုဟင်ဂျာ" ဖြစ်လာသည်ဟူ၏။
မဟာပညာကျော်လျောက်ထုံး ၊ ဓညဝတီအရေးတော်ပုံ စသော ရခိုင်ရာဇဝင်ကျမ်းများတွင် ရုံပသီပြည်မှ ရုံမင်းသည် ရခိုင်ဘုရင်မင်းဖလောင်းကြီးနှင့် အမတ်ကြီး မဟာပညာကျော်တို့ ကို လေးစားကြည်ညိုလှ၍ သားတော်အလတ် ရှာအလင် နှင့်နောက်ပါ တထောင်တို့ ကို မြောက်ဦးမြို့ တော်သို့ စေလွှတ်ပြီး "မရာမာ" (မြန်မာ) ဘာသာစကား စာပေ ယဉ်ကျေးမှု တို့ ကို လေ့ လာသင်ယူစေကြောင်း၊ ပါရှိပါသည်။ သို့ ရာတွင် ၎င်းတို့ အုပ်စု ရခိုင်ပြည်တွင် အခြေချနေထိုင် ကြောင်းတော့မပါပါ။
ထို့ ကြောင့် စတုတ္ထဇာတ်လမ်းကို သမိုင်းနှင့်ညီမညီ စီစစ်ကြပါစို့ ။ ရုံမင်းသား "ရှာအလင်" နှင့်နောက်လိုက်နောက်ပါတို့ မှာ မရာမာ (မြန်မာ) စာပေ၊ စကား၊ ယဉ်ကျေးမှု တို့ ကို မင်းဖလောင်းကြီးခေတ်မှပင် သင်ယူခဲ့ ပြီးဖြစ်ရကား၊ နောက်နှစ်ပေါင်း ၄၀၀ ခန့် ကြာနေသည် ဖြစ်သည့်  ယခုခေတ်တွင် ၎င်းတို့ ၏အဆက်အနွယ်များမှာ မြန်မာစကားနှင့်ရခိုင်စကားတို့ ကို ကောင်းစွာတတ်ရပါမည်။ ရွှေဘိုခရိုင်မှ မြန်မာမူဆလင်များနှင့် ဗရင်ဂျီ အဆက်အနွယ်များက သက်သေခံပါလိမ့် မည်။ ဥပမာ။ ကွယ်လွန်သူရေတပ်ဗိုလ်မှူးဟောင်း ဘသော် (စာရေးဆရာမောင်သော်က) နှင့်၎င်း၏ညီဝမ်းကွဲ ကွယ်လွန်သူ ကျားဘညီမ်း ( မန္တလေးမြို့ ရွှေ ကျားလက်ဝှေ့ အဖွဲ့ ကို တည်ထောင်သူ) တို့ မှာ ရွှေဘိုသားမြန်မာမူဆလင်အစစ်ကြီးများဖြစ်ကြပါသည်။ သူတို့ ဆွေမျိုးတသိုက်လုံး မြန်မာဗုဒ္ဒဘာသာဓလေ့ ထုံးစံများကို မိရိုးဖလာ ဗုဒ္ဒဘာသာဝင်အချို့ ထက်ပင် ပို၍သိကြပါသေးသည်။ ထို့ ကြောင့်သူတို့ ညီအကိုများကို အချို့ ဗမာများက ကမ္မာဝါညှပ်မည့် မူဆလင်များဟုကင်ပွန်းတပ်ခဲ့ ကြရပါသည်။ ယခု ရိုဟင်ဂျာဆိုသူများကို ကြည့် ပါ။ မုတ်ဆိတ်မွှေးက တတောင်လောက် ၊ မိန်းမ များကို ကြည့် လျှင်လည်း ခေါင်းမီးခြုံ ကုလားမ ၊ပြောသည့် စကားနှင့်ယဉ်ကျေးမှု ကလည်း ဘင်္ဂလီစစ်တကောင်းစကား ကလွဲပြီး ဗမာစကား ၊ ရခိုင်စကားတလုံးမျှ မတတ်ကြပါ။ မည်ကဲ့ သို့ ရခိုင်ပြည်တွင်း၌ အနှစ် ၄၀၀ ခန့် နေထားခဲ့ သူများဖြစ်နိုင်ပါမည်နည်း။ ထို့ ကြောင့် စတုတ္ထဇာတ်လမ်းမှာလည်း လုံးဝ ယုတ္တိမရှိပါ။
ဝါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (စာရေးဆရာအောင်ဗလ) ၏အဆိုအရ ရိုဟင်ဂျာဆိုသောအမည်ကို အလံနီကွန်မြူနစ်များက မူဂျာဟစ် သူပုန်များအတွက် ထွင်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ၁၉၄၀ခုနှစ်များအကုန်ပိုင်းနှင့် ၁၉၅၀ ခုနှစ်များအစပိုင်း တွင် အလံနီများနှင့်မူဂျာဟစ်များမှာ မဟာမိတ်ဖွဲ့ ထားပြီး ဖဆပလ အစိုးရကိုတိုက်ခိုက်နေကြကြောင်း၊ မူဂျာဟစ်များက သူတို့ အတွက်ရခိုင်သမိုင်းဝင်နံမည်တခု ရှာပေးခိုင်းသဖြင့် အလံနီများက "ရိုဟင်ဂျာ" ဆိုသောအမည်ကို ရှာပေးခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့ အဓိပ္ပါယ်ရှိသည်ကိုတော့ ဦးသောင်းကိုယ်တိုင်လည်းမသိကြောင်း၊မည်သူကမှလည်း အဓိပ္ပါယ်ကို မသိကြောင်းပြောပြပြီးလျှင်ဦးသောင်းကဆက်၍ပြောသည်မှာ သူကိုယ်တိုင် ယခုလက်ရှိအချိန်တွင် မြန်မာစစ်အစိုးရကို ဆန့် ကျင်သူဖြစ်နေသော်လည်း ဤ "ရိုဟင်ဂျာ" ကိစ္စကဲ့ သို့ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ နှင့်တိုင်းပြည် နစ်နာမည့် ပွဲလန့် တုန်း ဖျာခင်းသည့် ကိစ္စမျိုးတွင် တော့ လုံးဝ မထောက်ခံနိုင်ကြောင်း ၊ ဤကိစ္စမျိုးတွင် ပေါင်းချင်းပေါင်းလျှင်စစ်အစိုးရနှင့်ပေါင်းပြီး တိုင်းပြည်ဖျက်မည့် "ရိုဟင်ဂျာ" ကို တိုက်ရမည်ဖြစ်ကြောင်း၊ စာရေးသူအား ဘာလင်မြို့တွင် ကွန်ဖရင့်လာတက်စဉ်က ပြတ်ပြတ်သားသားပြောသွားခဲ့ ပါသည်။
"ရိုဟင်ဂျာ" ဆိုသောအမည်ကို အလံနီများက ထွင်ပေးခဲ့ သည် ဆိုသော ဦးသောင်း၏အဆိုအမိန့် မှာ အလွန်ယုတ္တိရှိပါသည်။ အလံနီများသည် အမည်သစ်ထွင်ရာတွင်ပါရဂူမြောက်သကဲ့ သို့  ၊ "နာမည်ပြောင်"ပေးရာတွင်လည်း ကောင်း၊ အနွတ္တသညာ သမုတ်ရာတွင်လည်း အတုလံသူများဖြစ်၍ သူတပါးအားနံမည်ဖျက်ရာကိစ္စများတွင်တော့ သူမတူ ထူးချွန်သူများဖြစ်ကြပါ၏။ ၎င်းကိစ္စအားလုံးတွင် အလံနီများသည် မည်သူမျှမယှဉ်သာသော "စပယ်ရှယ်လစ်" များဖြစ်ကြပါသည်။ ဥပမာ နှစ်ခုပေးပါမည်။
ပထမတခုမှာ ဦးနုအစိုးရကို "မသာတခုအရင်းပြုတဲ့ ငနုအစိုးရ" ဟုဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ကြီးများ၏အသုဘကို အမြတ်ထုတ်ပြီး မဲနိုင်သွားသည်ဟု အကျိုးယုတ်အရှက်ကွဲ သိက္ခာချခဲ့ သူများဖြစ်ပါသည်။
ဒုတိယတခုမှာ ၎င်းတို့ ၃ ပါတီမဟာမိတ်များ သိမ်းပိုက်ထားသော လွတ်မြောက်သည့် နယ်မြေ ဆိုသည့် နေရာများတွင် ကျောင်းသုံးဒေါင်းတံဆိပ် မြန်မာဖတ်စာ သင်ပုန်းကြီးပါ "ဘူးသီးနုနုမခူးရ ၊ ငါ၏ဒူးနာ၏" စသောဖတ်စာများအစား ၎င်းတို့ထွင်ထားသော "ဖဆပလ ၊ လခ မရ၊ မဝတဝ စားရ ၊ ခဏ ခဏ အာဏာပြ ၊ စသော နိုင်ငံရေးသင်ပုန်းကြီးများကို သင်စေခဲ့ သူများ ဖြစ်ပါသည်။ အလံနီခေါင်းဆောင်ကြီးသခင်စိုးသည် နံမည်သစ်များထွင်တတ်သူ ဖြစ်ပါသည်။ ဥပမာ ""အနုပဋိလောမရုပ်ဝါဒ" စသော ပါဠိဘာသာအရ သဒ္ဒါမမှန်သည့် ဝေါဟာရသစ်များကို အလွန်ကြိုက်သူလည်းဖြစ်ပါ၏။ ရခိုင်တိုင်းအလံနီခေါင်းဆောင် ကျော်ဇံရွှီး မှာ ရခိုင်တဦးဖြစ်သဖြင့် သူတို့နှစ်ဦးသည်
၁။ "ရုံပသီပြည်" (Sultanate of Roang) အကြောင်း ကြားဖူးနားဝဖြင့် ရုံပြည်သားများ (Roangian) ဟူသော အမည်ကို ရှာဖွေပေးခဲ့ ခြင်းဖြစ်တန်ရာပါသည်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း ကြံဖန်အကြောင်းပြရမည့် မူဂျာဟစ် များကလည်း ၎င်း အမည်သစ်ကို ခဏမဆိုင်းဝမ်းသာအားရလက်ခံလိုက်ကြဟန်ရှိပါသည်။ (Roangian ) ကို (Ro-an-gian) ဟုအသံထွက်ရာမှ အသံထွက်မမှန်သဖြင့် ကုလားသံဖြင့် "ရိုဟင်ဂျာ" ဖြစ်လာနိုင်စရာရှိပါသည်။
၂။ ဒုတိယဖြစ်နိင်ချေမှာ ဘင်္ဂလီစကားဖြင့် ရခိုင်ပြည်ကို ရိုဟန်(Rohan) ဟုခေါ်ကြောင်း ၊ လူမျိုးကို ဂျာ (Gya ဟုခေါ်ကြောင်း၊ ရခိုင်သား သို့ မဟုတ် ရခိုင်လူမျိုးကို ရိုဟင်ဂျာ (Rohangya) ဟုခေါ်ကြောင်း၊ သခင်စိုးနှင့်အလံနီများသိသွားသဖြင့်၊ ၎င်းရိုဟင်ဂျာဆိုသောအခေါ်ကို ထွင်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
၃။ တတိယဖြစ်နိင်ချေမှာ သခင်စိုးသည်စာအလွန်ဖတ်သူဖြစ်ရာ စကော့လူမျိုး အင်္ဂလိပ်စစ်တပ်ဆရာဝန် ဘူခါနန် (Buchanan) ရေးခဲ့ သော ရိုအင်ဂါ (Rooinga ) ဆိုသောစကားလုံးကို လည်းဖတ်မိပြီး ၎င်းစကားလုံးမှ "ရိုဟင်ဂျာ" ထွင်ပေးကြောင်းလည်း ဖြစ်နိုင်ပါသည်။
နောက်ပိုင်းဝင်ရောက်လာသော ဘင်္ဂလီကုလားများ နှင့်၎င်းတို့ ကို အားပေးနေသောသတင်းစာဆရာ၊ သမိုင်းဆရာ ဆိုသူအများစုမှာ "ဝ မရှိဘဲ ဝိလုပ်ချင်သူများ" ဖြစ်၍ ထင်ရာကိုစွတ်ပြောပြီး "ယုတ်တန်း" ရမ်းတုတ်လိုက်ခြင်းသာဖြစ်ပါသည်။ သမိုင်းကြောင်းကို အသေအချာလေ့ လာကြဟန်မတူပါ။ နောက်ထပ်ဝင်လာသမျှ ဘင်္ဂလီအပေါင်းတို့ ကလည်း၊ အများ "ဂျာ" သဖြင့် လိုက်"ဂျာ"ကြ ပြီး "ရိုဟင်ဂျာ" ဖြစ်သွားကြခြင်းဖြစ်ပါသည်။
မိမိကိုယ်ကို မိမိ "ဘားမာအိပ်စပတ်" လုပ်ထားသော သတင်းစာဆရာ မာတင်စမစ် (Martin Smith) က ၎င်း၏ ဆောင်းပါးများတွင် လက်ရှိမြန်မာပြည်စစ်အစိုးရသည် ရခိုင်ပြည်ရှိ ရှေးဟောင်းမူဆလင်အမည်များကို ဗမာမှု အဖြစ် ဗုဒ္ဒဘာသာအမည်သစ်ပြောင်းပြစ်နေသည်။ ဥပမာ။ အာရကန် (Arakan) မှ ရခိုင် (Rakhine)သို့ ပြောင်းသည်။ အက်ကြက် (Akyab) မှ စစ်တွေ (Sittwe) သို့ ပြောင်းသည်။ စသဖြင့် ရေးထားပါသည်။ အကျယ်ရှင်းပြရန်လို အပ်မည်မထင်ပါ။ "စကောလောက်မှ စောက်မနက်သောဥာဏ်" ဖြင့်ရေးသားထားခြင်းဖြစ်သည်ကို စာရှုသူအားလုံးတို့ သိကြမည်ဖြစ်ပါသည်။ ၎င်းကဲ့ သို့  ပုဂ္ဂိုလ်ကြီးမဟုတ်သော"ပုပ် ကိုယ်ကြီး" များ၏လက်ချက်များမှာ အလွန်ကြောက်စရာကောင်းပါသည်။ သတင်းစာလွတ်လပ်ခွင့်ကို မတရားအသုံးချခြင်းပင်ဖြစ်ပါသည်။ ၎င်းတို့ ၏လက်ချက်ကြောင့်ပင် မြန်မာနိုင်ငံတွင်ရော မြန်မာသမိုင်း နှင့်ကမ္ဘာ့သမိုင်းတွင်ပါ တခါမျှ မပါခဲ့ဘူး၊ မရှိခဲ့ ဘူးသော ရိုဟင်ဂျာဆိုသောနံမည်သည်ကမ္ဘာကျော်ဖြစ်သွားပြီး ၊ ထိုဘင်္ဂလီကုလားများကို မြန်မာနိုင်ငံသားပေးရမည်ဆိုပြီး ကုလသမဂ္ဂ နှင့် အိုအိုင်စီ (OIC) တို့ က မြန်မာအစိုးရအဆက်ဆက်အပေါ် ကိုဖိအားပေးခဲ့ကြရာမှ ယခုဒေါ်စု အင်အယ်လ်ဒီ (NLD) အစိုးရလက်ထက်တွင် ကုလသမဂ္ဂ နှင့် အိုအိုင်စီ (OIC) တို့ ၏ အနိင်ကျင့်ဗိုလ်ကျချက်များမှာ အဆိုးဆုံးသို့ ရောက်လာပါသည်။ ၁၉၉၃ ခုနှစ်ကပင် စာရေးသူရော ဗုံပေါက်သာကျော်ပါ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အကြီးဆုံးအန္တရယ်သည် ရိုဟင်ဂျာပြဿနာဖြစ်ပါလိမ့် မည်ဟုကြိုတင် သတိပေးထားခဲ့ သည်များမှာ ယခု ၂၄ နှစ်အကြာတွင် အတိအကျမှန်နေသည်ကို မြန်မာပြည်သူပြည်သားတိုင်း လက်တွေ့ မြင်နေရပြီ ဖြစ်ပါသည်။
သတင်းစာဆရာ၊ လူ့ အခွင့်အရေးသမား၊ လူနည်းစုများကို ကာကွယ်သူ ဆိုသော "ပုပ်ကိုယ်ကြီး" များ၏လက်ချက်များမှာ အလွန်ကြောက်စရာကောင်းပါသည်။ လွတ်လပ်စွာရေးသားပြောဆိုခွင့်
ကို မတရားအသုံးချ ခြင်းပင်ဖြစ်ပါသည်။ ၎င်းတို့ သည်တနေ့ နေ့ တွင်" မြန်မာစစ်အစိုးရသည် သမိုင်းဝင်အမည် (Rangoon ) မှ ရန်ကုန် (Yangon) သို့ ပြောင်းပစ်သည်။ (Rangoon) ဆိုသည် မှာ ဘင်္ဂလားဒက်ရှ် မြောက်ပိုင်းရှိ (Rangunia) ရန်ဂွန်းနီးယား နယ်သားကုလားများက တည်ထောင်ခဲ့ သောမြို့ ဖြစ်သည်။ ၎င်းတို့ ဒေသရင်းကို စွဲ၍ ပေးခဲ့သောအမည်ဖြစ်သည်။ မြန်မာစစ်အစိုးရက အတင်းမြန်မာမှု ပြုပြီး ရန်ကုန်ဟုပြောင်းပစ်သည်။ သက်သေခံအထောက်အထားအဖြစ် ရန်ကုန်မြို့ကို ဂျာမန်ဘာသာဖြင့် Rangun ဟုရေးခဲ့သည်ကိုကြည့်ပါ" စသော "လံကြုပ်" ဇာတ်လမ်းများကို လည်း တည်ထွင်ကောင်း တည်ထွင်ကြပါလိမ့် အုံးမည်။ စောင့်သာကြည့် ကြပါတော့ အရပ်ကတို့ ဟုသာဟစ်လိုက်ချင်ပါဘိတော့သည်။
၁၉၇၀ ခုနှစ်များအတွင်းက ခေတ်စားခဲ့ သော သီချင်းတပုဒ်ကို သတိရလာမိပါသည်။ သီဆိုသူအမျိုးသမီး၏အမည်နှင့်တေးသားအားလုံးကို မမှတ်မိတော့ပါ။ မှတ်မိသောစာသားအချို့ မှာ "ပွဲလန့် 
တုန်းဖျာခင်းမလို့ ကြံရွယ်၊ နောက်မှရောက်လာတဲ့ ကိုယ်လူလည်၊ သူ ကျမကို ချစ်တယ်၊မေတ္တာနေရာမပေးကွယ်၊ ကျမမှာချစ်သူရှိတယ်၊ ရှင်ငရဲကြီးလိမ့် မယ် ဟူ၍ဖြစ်ပါသည်။ ယခုဘင်္ဂလီ
ကုလားကိစ္စတွင် ၎င်းတေးသွားအတိုင်း စာသားပြောင်းပြီး "ပွဲ ကို လှန့် ပြီး ဖျာခင်းမလို့ ကြံရွယ်၊ အနောက်ကရောက်လာတဲ့ကုလားလည်၊ သူကိုယ်ကို သူ ရိုဟင်ဂျာတဲ့ ကွယ်၊ ရခိုင်ပြည်မှာ နင်တို့ အတွက် နေရာမရှိတယ်၊ လူများပြည်ကို လုချင်ရင်၊ "ဂျဟာနမ်" ငရဲအိုးမှာ ဇောက်ထိုးကျလိမ့် မယ်" ဟု သီချင်းသစ်ထွင်ပြီး ဆိုရတော့မည် ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

တရုတ်က အသစ်မိတ်ဆက်လာတဲ့ တင့်ကားသစ် VT-5

တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူဘဲ အပေါ့စားတင်ကားတွေကိုပဲ ဦးစားပေး အသုံးပြုနေတာ တွေ့ရပြီး ကာလကြာ အ ချိန်ထိအောင် အပေါ့စားတင့်ကား ထုတ်လုပ်ဖန်တီးမှုတွေကို လုပ်ဆောင်နေခဲ့တာ တွေ့ရပါတယ်။

အပေါ့စားတင့်ကားတွေဟာ ခံနိုင်ရည် သိပ်မကောင်းလှဘူးဆိုပေမယ့် အကြမ်းခံတင့်ကားတွေထက် မြန်တယ်၊ သွက်တယ်၊ လမ်းကြောင်းစုံ သုံးနိုင်မှုလည်း ရှိတာပါ။ ဒါပေမယ့် ခံနိုင်ရည်အပိုင်းမှာတော့ အမာခံမော်ဒယ်တွေထက်စာရင် ပျော့ချင်ပါ တယ်။

တရုတ်ရဲ့အများဆုံး အသုံးပြုနေတဲ့ တင့်ကားတွေက Type 62 အမည်ရှိ အပေါ့စား မော်ဒယ်တွေ ဖြစ်ပြီး Type 63 တွေကို လည်း သုံးတာ တွေ့ရပြီး ဒီမော်ဒယ်ကတော့ ရေရော ကုန်းပေါ်မှာပါ မောင်းနှင်နိုင်အောင် 62 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ပါ။

မော်ဒယ် နှစ်ခုလုံးမှာ ၈၅ မမ ပင်မ အမြောက်ကို တပ်ဆင်ထားတယ်။ အခု လက်နက်အရွယ်က ရုရှားထုတ် T-34 မော်ဒယ် တွေမှာ တပ်ဆင်တဲ့ အမြှောက်အရွယ်နဲ့ အတူတူပါပဲ။ ပြီးတော့ အဆိုပါ အမြောက်က ၄၇ ချက်ထိအောင် ပစ်ခတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် ကာကွယ်ရေးကဏ္ဍဘက်မှာ များစွာသော အခြား အပေါ့စားတင့်ကားတွေကိုပါ သုံးနေကြပါပြီ။

ဒါပေမယ့် စစ်ဘက်ရေးရာမှာပါ အားထည့်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်က 62နဲ့ 63လို မော်ဒယ်တွေ ရှိရုံနဲ့တော့ ကျေနပ်ပုံ မရပါဘူး။ အခုလည်း နောက်ထပ် အပေါ့စားတင့်ကားသစ်ကို ဖန်တီးထုတ်လုပ်မိတ်ဆက်လာတာ တွေ့ရပါတယ်။

အခု VT-5မှာ တပ်ဆင်ထားတဲ့ အမြောက်က ၁၀၅ မမ အရွယ်ရှိ အမြောက်ကို ပင်မအဖြစ် ထိုင်ထားတာ ဖြစ်ပါတယ်။ သူက ၃၈ ချက်ထိအောင် ပစ်ခတ်နိုင်ပါတယ်။ ရှေ့ထွက် M1 Abramsနဲ့ M60 Pattonလို မော်ဒယ်တွေရဲ့အမြောက်ရော တပ်ဆင် ထုတ်လုပ်မှုနဲ့ပါ ဆင်တူတာ တွေ့ရပါတယ်။

Army Recognition.com ရဲ့ဖော်ပြချက်အရ အခု မော်ဒယ်သစ် VT-5က အလေးချိန် ၃၃ တန်ကနေ ၃၆တန် အတွင်းအ လေးချိန် ရှိမယ်လို့ သိရပါတယ်။ မော်ဒယ်မှာ အထက်မှာ ပြောခဲ့တဲ့ ၁၀၅ မမ လက်နက်ကြီးအပြင် နောက်ထပ် ၁၂.၇ မမ အ ရွယ်ရှိ စက်သေနတ်ကြီးနဲ့ ၄၀ မမ အရွယ်ရှိ လောင်ချကိုပါ တပါတည်း တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့နောက်ဆုံးထုတ် အပေါ့စားတင့်ကားမော်ဒယ် M551 Sheridan ဟာ ဆိုရင် ဗီယက်နမ်နဲ့ တိုက်တဲ့ စစ်ပွဲအ တွင်းမှာရော ၁၉၉၀ ပြည့်လွန်နှစ်တွေက ကန္တာရပိုင်း စစ်ဆင်းရေးတွေမှာ အသုံးပြုခဲ့တာ တွေ့ရပြီး မော်ဒယ်ကို တချို့က လည်း Buford လို့ ခေါ်ကြသလို မော်ဒယ်မှာ XM8 Armored Gunစနစ် ပါရှိတယ်လို့ သိရပါတယ်။

အဆိုပါ စနစ်က လိုအပ်တဲ့ ပြစ်ချက်အတွက် အလိုအလျောက် ကျည်ပြင်စနစ်ရော အလိုအလျောက် ပစ်ချက် ပယ်ဖျက်စနစ် ကိုပါ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ M551 ကနေ နောက်ဆက်တွဲ အဆင့်မြှင့်မှုတွေအဖြစ် အခု ဒီနေ့ခေတ်မှာတော့ အမေရိကန်က M1128 မော်ဒယ်ကို သုံးနေပြီး မော်ဒယ်မှာ Stryker Mobile Gun System စနစ်ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဒီမော်ဒယ်မှာလည်း ပင်မလက်နက်ကြီးအဖြစ် ၁၀၅ မမ အမြောက်ကို ထည့်ထားပေမယ့် ပစ်ချက်ကတော့ ၁၈ချက်ပဲ ရမှာ ပါ။



ဒါဆိုရင်တော့ အခု အသစ် မိတ်ဆက်လိုက်တဲ့ VT-5က အမေရိကန်ရဲ့ လက်ရှိ သုံးနေတဲ့ မော်ဒယ်ထက်ကိုပဲ ပစ်ချက်ပိုင်းမှာ လည်း အားသာတယ်။ နောက်ထပ် အမြောက်ငယ်နဲ့ စက်သေနတ် ထည့်သွင်းပါရှိမှုတွေလည်း ရှိသေးတာကြောင့် အမေရိ ကန်ရဲ့စစ်ဘက်သုံး အပေါ့စားတင့်ကားထက် ပိုမို ကောင်းမွန်အောင် ဖန်တီးအသုံးပြုလာတော့မှာလည်း ဖြစ်ပါတယ်။

ယခု စာစု၏ ပိုင်ရှင်မှာ Irrewaddy Burmese ဖြစ်ပါသည်
Ref: www.busiessinsider.com